ပေါင်မြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည်   ၂၇-၆-၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်၊ မင်္ဂလာဈေးအရှေ့တွင် ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

      အဆိုပါနေ့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် (၂) ပြည်နှုန်းဖြင့် ပေါ်ဆန်း (၁၀) အိတ်၊ ဧည့်မထ (၄၀) အိတ်အားရောင်းချပေးခဲ့ရာတွင် ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြင့်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)