ကန့်ဘလူမြို့မဈေးကွက်အတွင်းမှ ငရုတ်သီးစိမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းလုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးမှ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။

       ကန့်ဘလူမြို့မစည်ပင်သာယာဈေးမှာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပြောင်းချို၊ မုန့်ညှင်းထုတ်၊ ခါကြက်ဥ၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွ၊ တိုင်ထောင်ဗိုလ်စားပဲသီး စသည်တို့ကို ရောင်းချရကြောင်း၊ ဒေသထွက်သီးနှံများမဟုတ်သည့် ကုန်စိမ်းသီးနှံများကို မန္တလေးမြို့၊ ကောလင်းမြို့တို့မှ ဖောက်သည်မှာယူပြီး ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် လက်လီ/ လက်ကားရောင်းချပါ ကြောင်း ကုန်စိမ်းသီးနှံရောင်းချနေသူထံမှသိရှိရပါသည်။

    ငရုတ်သီးစိမ်းများအနက် မိုးထောင်ငရုတ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီးတို့ကိုရောင်းချလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေးအတွင်း၌ ငရုတ်သီးစိမ်း၏ ဈေးနှုန်းဈေးကွက်အနေဖြင့် မိုးထောင်ငရုတ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်းတစ်ပြည်လျှင် (၆၅၀၀)ကျပ်တို့ဖြင့် ဖောက်သည်ဝယ်ယူရပြီး ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ရောင်းချရာတွင် မိုးထောင်ငရုတ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်းတစ်ပြည်လျှင် (၈၀၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းချကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)