ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံ မိုးမြေပဲများစိုက်ပျိုးလျက်ရှိ

Powered by Drupal

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဒေသတွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပမှစားသုံးဆီတင်သွင်းမှုလျှော့ချရန်အတွက် ဆီထွက်သီးနှံ မိုးမြေပဲများကို နေရာအနှံအပြားတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     မြေပဲစိုက်စိုက်ပျိုးရန် အသင့်လျော်ဆုံးမြေအမျိုးအစားမှာ နုန်းမြေနှင့်သဲမြေတို့ဖြစ်ကြောင်း၊ မြေပဲသီးနှံကို မိုးဦးကာလ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြကြောင်း၊ မိုးမြေပဲထက် ဆောင်းမြေပဲကို ပိုမိုစိုက်ပျိုးကြောင်း စိုက်ပျိုးထုတ်လုပ်မှုစာရင်းများအရသိရသည်။ ကန့်ဘလူခရိုင်၌ မိုးမြေပဲကို ဧက၅၀၀၀၀ကျော်စိုက်ပျိုးရန်လျာထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ မိုးမြေပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ အသိပညာပေးလျက်ရှိကြောင်း၊ မိုးမြေပဲစိုက်တောင်သူများသည် မိုးရေကိုသာအဓိကထားစိုက်ပျိုးရခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြီး မိုးရေချိန်နည်းလျှင် အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊  ကန့်ဘလူခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကိုစိုက်ပျိုးကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)