တနင်္သာရီတိုင်းဒေသကြီးမှ ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် ကွမ်းသီးပင်များ စိုက်ပျိုးထားလျက်ရှိရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများကဝယ်ယူကာ ကွမ်းသီးခြောက်လုံးနှင့် ကွမ်းသီးခြောက်ခြမ်းများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၈၄၃၁၀)ပိဿာ တန်အားဖြင့်(၃၀၀.၉၆၈)တန်ရှိပြီး ၊ မြိတ်ခရိုင်မှ (၈၂၇၅၀၀)ပိဿာ တန်အားဖြင့် (၁၃၅၁.၂၆၃)တန်နှင့် ကော့သောင်းခရိုင်မှ(၄၁၁၂၀၀)ပိဿာ တန်အားဖြင့်(၁၈၆.၄၈၂)တန်ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြောက်လုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၅၀၀)ရှိပြီး ကွမ်းသီးခြောက်ခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင်(၆၅၀၀)ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)