မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများဆက်လက်ကျဆင်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ၎င်းကိုအနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

      မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ တစ်ပိဿာလျှင် ဇွန်လ (ဒုတိယပတ်)တွင် ငွေကျပ် (၅၀၀၀-၆၀၀၀)ဖြင့်လည်းကောင်း၊ ဇွန်လ(တတိယပတ်)တွင် ငွေကျပ် (၃၅၀၀-၄၅၀၀) ဖြင့်လည်းကောင်း၊ ဇွန်လ(စတုတ္ထပတ်)တွင် ငွေကျပ် (၁၅၀၀-၂၅၀၀) ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းများဆက်လက်ကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)