ကျေးလက်နေပြည်သူများအပိုဝင်ငွေရနေသော သဘာဝမှိုနီ(ခေါ်)ဟစ်လျှဲန်း

Powered by Drupal

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း၊ မိုင်းယုဒေသရှိသစ်တောများတွင်ပေါက်ရောက်သော သဘာဝမှိုနီ(ခေါ်)ဟစ်လျှဲန်းများရှာဖွေရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများအပိုဝင်ငွေရရှိနေကြောင်း သိရပါသည်။ မှိုနီကို ကြော်ချက်စားသောက်ရန်အတွက်နှင့် အခြောက်ခံရန်အတွက် ဝယ်ယူကြသည်ဟု သိရပါသည်။ မှိုနီများကို နှစ်စဉ်မေလမှ နိုဝင်ဘာလအထိ ရှာဖွေရရှိကြသည်။

     မှိုနီအပွင့်အစိုတစ်ကီလိုကို ၁၅၀၀၀ကျပ်၊ မှိုနီအဖူးအစိုတစ်ကီလိုကို ၂၄၀၀၀ကျပ်ဖြစ် ရှာဖွေ ရောင်းချကြသည်ဟု သိရပါသည်။ မိုင်းယောင်းမြို့နယ်အတွင်း ထွက်ရှိသောမှိုနီများကို မှိုအခြောက်ခံ လုပ်ငန်းများမှ အများဆုံးဝယ်ယူကြသည်။ မိုင်းယောင်းမြို့နယ်အတွင်း မှိုအခြောက်ခံလုပ်ငန်းလုပ် ကိုင်သူ(၂၀)ဦးခန့်ရှိကြသည်။ မှိုနီအစိုများကို ထင်းမီးဖိုကြီးများဖြင့် မှိုင်းခံအခြောက်လှန်းကြသည်။ မှိုနီအစို(၁၀)ကီလိုကို အခြောက်ခံပါက မှိုခြောက်(၂.၅)ကီလိုမှ(၃.၅)ကီလို ခန့်ထိသာရရှိကြောင်း သိရပါသည်။ အခြောက်ခံထားသောမှိုနီများကို ကျိုင်းတုံမြို့၊ မိုင်းလားမြို့များသို့တင်ပို့ရောင်းချကြပြီး မှိုနီ အခြောက်တစ်ကီလိုကို ကျပ်(၁)သိန်းမှ(၃)သိန်းကျော်ထိဈေးရရှိကြောင်း သိရပါသည်။ သို့ဖြစ်ပါ၍ ယခုလိုမိုးဦးကျချိန်တွင် သဘာဝအလျောက် ထွက်ရှိသောမှိုနီ(ခေါ်) ရှမ်းဘာသာဖြစ် ဟစ်လျှဲန်းများကို ရှာဖွေရောင်းချခြင်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း၊ မိုင်းယုဒေသရှိကျေးလက်နေ ပြည်သူများသာမက မှိုအခြောက်ခံလုပ်ငန်းလုပ်ကိုင်ကြသူများပါ ဝင်ငွေရရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)