![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16.10_5.jpg?itok=J8OX1G9W)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တာဝန်ခံသည် (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘိလပ်မြေအရောင်းဆိုင်များ၌ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် လက်ကျန်အခြေအနေများကို သိရှိနိုင်ရန် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေအရောင်းဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြံနှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၁၀၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်လ်ဖာ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အမျိုးအစားအလိုက် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)