ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၇.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန် အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ မုန့်ဆိုင်များသို့ Thai Fruits သံပုရာပေါင်းဗူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းသိရှိရပြီး ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြား ချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)