ဈေးနှုန်းကျဆင်းနေတဲ့ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀)ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဖေဖော်ဝါရီလပထမပတ် ကြက်သွန်  နီတစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇန်နဝါရီလနောက်ဆုံး ပတ် တွင်  အာလူးဈေးနှုန်းမှာ(၈၀၀၀/၁၀၀၀၀) ကျပ်ဈေးရှိနေခဲ့ရာယခုဖေဖော်ဝါရီလ ပထမပတ်တွင် လည်းအာလူးဈေးနှုန်းမှာ (၆၀၀၀/၇၀၀၀)  ကျပ်ဖြင့်အရောင်းဝယ်ဖြစ်နေပြီး ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင်ဈေးကွက်အတွင်း၌ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်းများလည်း ကျဆင်းလာကြောင်း ကြက်သွန်နီများကို ပြည်ဘက်မှကားများဖြင့် ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရပြီးအာလူးဈေးနှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)