![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8_91.jpg?itok=5w4pHzaY)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀)ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဖေဖော်ဝါရီလပထမပတ် ကြက်သွန် နီတစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။
အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇန်နဝါရီလနောက်ဆုံး ပတ် တွင် အာလူးဈေးနှုန်းမှာ(၈၀၀၀/၁၀၀၀၀) ကျပ်ဈေးရှိနေခဲ့ရာယခုဖေဖော်ဝါရီလ ပထမပတ်တွင် လည်းအာလူးဈေးနှုန်းမှာ (၆၀၀၀/၇၀၀၀) ကျပ်ဖြင့်အရောင်းဝယ်ဖြစ်နေပြီး ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင်ဈေးကွက်အတွင်း၌ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်းများလည်း ကျဆင်းလာကြောင်း ကြက်သွန်နီများကို ပြည်ဘက်မှကားများဖြင့် ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရပြီးအာလူးဈေးနှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရှိရပါ သည်။
DOCA(ပဲခူး)