Main menu

မန္တလေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော မြေပဲဆံ ဈေးနှုန်းဈေးကွက်

Powered by Drupal

        မိုးမြေပဲများ စတင်ရိတ်သိမ်းချိန်ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း မြို့များ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး မြို့များမှ  မြေပဲဆံ(နီ/ဖြူ)များ မန္တလေးကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက်မှု ရှိနေပါသည်။ တိုင်းတွင်း ထွက်ရှိမှုများသည့် ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့ များမှလည်း ဝင်ရောက်မှုရှိနေပါကြောင်း သိရပါသည်။ တိုင်းဒေသကြီးအတွင်း မြေပဲ(မိုး+ဆောင်း) စိုက်ပျိုးထွက်ရှိမှုအခြေအနေအား သက်ဆိုင်ရာဌာနစာရင်းများအရ အောက်ပါအတိုင်း ဖော်ပြအပ် ပါသည်-

စဉ်

ခုနှစ်

စိုက်ဧက

ရိတ်ဧက

အထွက်နှုန်း

(တင်း)

အထွက်တင်း

၂၀၂၄-၂၀၂၅

၆၃၈၆၂၆

၆၃၇၄၄၇

၄၆.၇၇

၂၉၈၁၅၉၉

၂၀၂၅-၂၀၂၆

၆၄၁၁၁၇

၆၄၁၁၁၇

၄၆.၉၇

၃၀၁၁၅၂၉

 မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော နှစ်အလိုက် မြေပဲဆံဈေးနှုန်းများအား  အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-                                               ရေတွက်ပုံ-ပိဿာ/ကျပ်

စဉ်

သီးနှံ

အမည်

ယခင်နှစ်

၄-၉-၂၀၂၅

ယခင်လ

၄-၈-၂၀၂၆

ယခင်အပတ်

၂၈-၈-၂၀၂၆

ယခုအပတ်

၄-၉-၂၀၂၆

ယခင်

အပတ်နှင့်

နှိုင်းယှဉ်ချက်

မြေပဲဆံ

၇၅၀၀

၁၃၅၀၀

၁၃၀၀၀

၁၂၃၀၀

-၇၀၀

 

 

 

 

 

       ယခုတစ်ပါတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မိုးမြေပဲများ ဝင်ရောက်မှုများလာပြီး မြေပဲကို တိုင်းတွင်းဆီစက်သမားများမှ အဓိကဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ မြေပဲဆီ ဈေးနှုန်းမှာ တစ်ပိသာလျှင် ၂၁၀၀၀ ကျပ်၊ မြေပဲကြိတ်ဖတ်မှာ တစ်ပိဿာ ၇၁၅၀ ကျပ်ခန့် ရှိကြောင်း၊ မြေပဲဆံဈေးနှုန်းမှာ ဒေသတွင်း ဝယ်လိုအားနည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)