
၂၀၂၅ -ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံး စားသုံးဆီများ အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီး မှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး ( လက်ထောက်ညွှန်ကြားရေးမှူး) က MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်း သုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး MSME လုပ်ငန်းများတွင် အသုံးပြုရမည့် စားအုန်းဆီများအား လုပ်ငန်းရှင်များ လျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်များတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်း ဆီသည် အရေးကြီး ကုန်စည်အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွှဲ၍ အခြား နည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီ လိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျှက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ဖွံဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်စေရေးတို့ကို ဆောင်ရွက်လျှက်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ဆွေးနွေး မေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ပြောကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် ( ၆၀ ) ဦး တက်ရောက်ခဲ့ ပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို (၁၁:၃၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)