ညောင်တုန်းမြို့နယ်အတွင်းရှိ Deliveryလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

                    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ဖိတ်ကြား၍ ၁၈.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များသိကောင်းစရာကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

                    အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဝန်ဆောင်မှူလုပ်ငန်း အဓိပ္ပာယ်အကြောင်း၊ ဥပဒေအခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဥပဒေအခန်း(၁၃) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်အကြောင်း၊ အခန်း(၁၄) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ ဦးစီးဌာန တစ်ခုအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ လုံခြုံစိတ်ချရမှု ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် လိုအပ်သော အစီအမံများပြုလုပ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စားသုံးသူအသုံးပြုမည့် ကုန်စည် ထုတ်လုပ်မှုအပေါ်  ဘေးအန္တရာယ်ကင်း ရှင်းနိုင်ရေးကို ဆောင်ရွက်ခြင်း၊ ကုန်စည်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အမိန့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း ၊ တင်ပြလာသော ဘေးအန္တရာယ်ရှိ ကုန်စည်များကို အများပြည်သူ သိရှိစေရန် အသိပေးခြင်’၊ တည်ဆဲဥပဒေများအရ ဦးစားပေးကုန်စည်များ သတ်မှတ်၍  စံချိန်စံညွှန်းနှင့် ကိုက်ညီလိုက်နာစေရန် ကြီးကြပ်ကွပ်ကဲခြင်း၊ အတည်ပြုသတ်မှတ်ထားခြင်း မရှိသေးသော ကုန်စည်များအတွက် အနည်းဆုံးရှိရမည့် စံသတ်မှတ်ချက်များနှင့် အညီ ကြီးကြပ်ကွပ်ကဲခြင်း တို့ကို ဆောင်ရွက်နိုင်ကြောင်း ကိုလည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များမှ စားသုံးသူကာကွယ်ရေးလုပ်ငန်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု ပြစ်ဒဏ်များနှင့် စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့် အကြောင်းကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ မိမိလုပ်ငန်းနှင့် ဆပ်စပ်၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို  အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ညောင်တုန်းမြို့နယ်မှ Deliveryလုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ကာ Call center 1535 လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)