မအူပင်ခရိုင် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

Powered by Drupal

                    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိ သူများသည် မအူပင်မြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များ အား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ဖိတ်ကြား၍ ၁၈.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ သိကောင်းစရာကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

                    အဆိုပါဟောပြောဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် တာဝန်များအကြောင်း၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်အကြောင်း၊ စားသုံးသူနှင့် လုပ်ငန်းရှင်အကြား စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု အငြင်းပွားကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ကော်မရှင်၊ ကော်မတီဖွဲ့စည်း၍ လုပ်ပိုင်ခွင့်များ အကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအရ ဆက်စပ်ထိရောက်စွာ ဥပဒေအရ ကာကွယ်ထားသော လုပ်ငန်းများအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် မိမိဈေးကွက်အတွင်း ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူ စိတ်ကျေနပ်အောင် တန်ဖိုးနှင့်ညီမျှသော ကုန်စည်၊ ဝန်ဆောင်မှုကို အပြည့်အဝပေး ဆောင်နိုင်ရမည့် တာဝန်ရှိသည့်အလျှောက် မိမိထုတ်ကုန်များကို ဘေးကင်းစွာ  တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။

                    ဆက်လက်၍  ဆွေးနွေးရာ စီးပွားရေးလုပ်ငန်းရှင်မှ မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှု မရှိပဲ လုပ်ငန်းကို လုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာ ပြဌာန်း ချက်၊ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ် လျော်ကြေးငွေ ပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည် ဝန်ဆောင်မှုကို ကာလ အကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့် ညှိနိုင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူရေးရာ အချက်အလက်နှင့် ပတ်သက်၍ စားသုံးသူ/ စီးပွားရေး လုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း လည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကို အသိပညာပေး ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး Deliveryလုပ်ငန်း (၇)ဦးတက်ရောက်ခဲ့ပြီး (၁၃၄၅)တွင် ဆွေးနွေးပွဲ ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)