ညောင်တုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင် များ အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

                    ၁၈.၂.၂၀၂၅ ရက်နေ့ ၁၅:၀၀ နာရီအချိန်က ညောင်တုန်းမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သည် ညောင်တုန်းမြို့နယ် မြို့မဈေး အတွင်းရောင်းချနေသော စားအုန်း ဆီလက်လီအရောင်းဆိုင် (၂၆)ဆိုင်သို့ သွားရောက်၍စားအုန်းဆီရောင်းချနေမှုနှင့် စပ်လျှဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                    စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်မြို့မဈေးအတွင်းမှ ဒေါ်ကေဂျာနွဲ့၊ ဆီထုတ်ယူမှု ၁၀ပိဿာအပေါ် V-9တင်၍ ၁ရက်ရရှိသော ၁၀ပိဿာပေါ်တွင် ပြည်သူ (၂)ဦးအား (၇၇၄၄၀)ကျပ်ဖြင့် (၁.၅၀)ရောင်းချပြီး လက်ကျန်(၈.၅၀) ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးရေးအဖွဲ့မှ လက်လီ အဆင့်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် ကုန်ကျစရိတ် ၂ရာခိုင်နှုန်း ထက်မပိုသော နှုန်းဖြင့် ရောင်းချရန် နေ့စဉ်ရ ဆီများကို ပြည်သူများအား အကုန်ရောင်းချပေးရန်၊ ဈေးကွက်အတွင်းတဆင့်ခံ ပြန်လည် ဝယ်ယူ၍ ရောင်းချခြင်းမပြုလုပ်ရန်၊ နေ့စဉ်ရောင်းချမှု စာရင်းများကို စနစ်တကျ ထိန်းသိမ်းထား ရန်ကို အသိပညာပေးဆွေးနွေးခဲ့ပြီး အခြားသောဒေါ်စန်းစန်းခိုင်၊  ဦးသန်းလွင်၊ ဒေါ်ခင်စန်းဝင်း၊ ဒေါ်မိုးသူ၊ ဒေါ်လှလှရီ၊ ဒေါ်ယဉ်ယဉ်မြ၊ ဦးမြငိ့သိန်း၊ ဒေါ်အေးမာ၊ ဦးမြဝေ၊ ဒေါ်သိန်းရွှေ၊ ဒေါ်ခင်သန်း၊ ဒေါ်ကြည်သန်း၊ ဒေါ်တင်တင်ခန့်၊ ဒေါ်ခင်မိုးခိုင်၊ ဦးကျော်နိုင်စိုး၊ ဦးအောင်သိန်း၊ ဦးအေးဟန်၊ ဒေါ်ယဉ်ယဉ်ထွေး၊ ဦးသောင်းဟိုက်၊ဦးစန်းမင်းသိန်း၊ ဦးဝင်းဇော်ထိုက်၊ ဦးကျော်ဟိန်း၊ ဦးညီနိုင်ထွန်း၊ဦးပြုံး၊ ဦးရဲထွန်းဦး၊ စသော စားအုန်းဆီ အရောင်းဆိုင်များ ဆီရောင်းချမှုများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များမှ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်မည်ဖြစ်ပြီး ဖော်ထုတ်စစ်ဆေးတွေ့ရှိ ရပါက  စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုအရေးယူမှုကို ခံယူရမည်ဖြစ်ကြောင်း ဝန်ခံကတိမှတ်တမ်းပြုခဲ့ကြောင်း သိရပြီး  လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ အကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)