
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တာဝန်ခံသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်လံမြို့ပေါ်ရှိ လုပ်ငန်းသုံးဆီ (စားအုန်းဆီ)များအား ထုတ်ယူ ထားရှိပြီး မြေပြင်တွင် အမှန်တကယ်သုံးစွဲမှုရှိ/မရှိနှင့် ဈေးကွက်မရောက်မီ ကုန်စည်များအား စားသုံးသူ များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာ ထည့်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပဲကြော်လုပ်ငန်း(၇)ခုနှင့် အသင့်စားမုန့်လုပ်ငန်း(၂)ခုမှ လုပ်ငန်းသုံး(စာအုန်းဆီ)များအား ထုတ်ယူပြီး အမှန်တကယ်သုံးစွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းအရာ(၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သည့် ပုဒ်မ(၂၁)ပါ အချက်(၁၁)ချက်အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)