
၁၈.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့တွင် အဖွဲ့ဝင်တာဝန်ဖြင့် ကော်မတီအဖွဲ့နှင့်အတူ ပူးပေါင်း၍ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးနှင့်ဓါတ်မြေဩဇာအမျိုးမျိုးရောင်းချနေ သော “ပြည့်စုံ” စိုက်ပျိုးရေးဆေးနှင့် ဓါတ်မြေဩဇာအရောင်းဆိုင်သို့ သွားရောက်၍ ဓါတ်မြေဩဇာများ၏ ဈေးနှုန်းနှင့်အရည်အသွေးမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာ အမှတ်တံဆိပ်အမျိုးမျိုးဖြစ်သော ရွှေကောမတ် (50 kg) ၁၄၀၀၀၀ ကျပ်၊ ရွှေတောင် (50 kg) ၁၂၀၀၀၀ ကျပ်၊ သံကွင်း (50 kg) ၁၃၅၀၀၀ ကျပ်နှင့် G-12 (50 kg) ၇၅၀၀၀ ကျပ်တို့ဖြင့် ရောင်းချနေကာ အရည်အသွေးနှင့် အလေးချိန်မှာပြည့်မှီကာ ဈေးနှုန်းသင့်တင့်ကြောင်း တွေ့ရ၍ ဆိုင်ရှင်၏ ပြောကြားချက်အရ ယခုရာသီတွင် နွေစပါးနှင့်ပဲမျိုးစုံတို့ကို တောင်သူများစိုက်ပျိုးချိန် ဖြစ်သောကြောင့် ဓါတ်မြေဩဇာများ အရောင်းသွက်နေကြောင်း သိရှိရပါသည်။
DOCA(မွန်)