ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

(၁၄.၂.၂၀၂၅) ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များ တွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင် အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)