
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၇.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)တွင် အလှကုန်ပစ္စည်း Lotion အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ City Mart (ဖော့ကန်)တွင် တာဝန်ကျ တာဝန်ခံမှ ပူးပေါင်းပါဝင်ကာ အလှကုန် Lotion အမျိုးမျိုးရောင်းချနေသော Diary Body Lotion၊ Mistine (အသားလှခရမ်)၊ Doaur (Body Lotion)၊ Baby Bright (Body Lotion)၊ C’CARE (အသားဖြူခန္ဓာ ကိုယ်လိမ်းခရမ်)၊ GALAMZ (Body Lotion)၊ Iris Beauty (လက်နှင့်ခန္ဓာကိုယ်အသားလှခရမ်)တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)