ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

၁၈.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန် မြို့နယ်ရှိ “ရွှေဗျိုင်းဖြူ”စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆိုင်တာဝန်ခံနှင့်တွေ့ဆုံပြီး PPRD မှထုတ်ပြန်ထား သည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ် သည့်အချိန်၊ ဆီဈေးနှုန်းတင်ထားသည့် LED Board များကိုပါစစ်ဆေးခဲ့ပြီး၊ တရားမဝင်စက်သုံးဆီများ ကိုရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလို ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)