
အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။
(၁၇.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ချိုမီဇင် သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဖူးအလှကုန်မျိုးစုံ အရောင်းဆိုင် သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များကို မြေပြင် ကွင်းဆင်းစစ်ဆေးမှု များ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်း စစ်ဆေး တွေ့ရှိ ချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေး ခြင်း(သို့) ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)