သထုံမြို့နယ်တွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၁၉.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀) ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ သုံးစွဲသူများဘေးအန္တရာယ်ဖြစ် နိုင်ချေ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် ကြိုတင်သတိပေးချက်ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများရောင်းချခြင်း မပြုရန်အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)