မုံရွာမြို့ပေါ်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦး တို့ သည် (၁၉.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ကလေးကစား စရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြိုပေါ်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များတွင် ကုန်အ ညွှန်းအမှတ်အသားနှင့် ပြည့်စုံမှု မရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင် ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသော ကလေး ကစားစရာပစ္စည်းများအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေး ဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)