စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် သား /ငါး ရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၁၄.၂.၂၀၂၅)ရက်နေ့ နေလည်(၁၃း၀၀)အချိန် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့ ပါဝင်သောအဖွဲ့သည် စစ်ကိုင်းမြို့နယ်အတွင်း သား/ ငါး ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်ဈေးနှုန်းများအား ဈေးတင်ရောင်းချမှုမရှိစေရေးအတွက် သား /ငါး ရောင်းချသည့် လုပ်ငန်းရှင် (၅)ဦးနှင့် တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သားသတ်ခေါင်းခွန် လိုင်စင် ရရှိသူများအနေဖြင့် မိမိတို့မြို့နှင့် နီးစပ်ရာ ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့များ၏ သား/ငါးဈေးနှုန်းများ လေ့လာ၍ ၎င်းတို့မြို့များ၏ သား/ငါးဈေးနှုန်းများထက် မြင့်တက်မှုမရှိအောင်ဆောင်ရွက်ကြရန်၊ ခေါင်းခွန်စနစ်ဖြစ်၍ ယှဉ်ပြိုင်လုပ်ကိုင်သူများရှိလာပါက ဈေးကွက်ယှဉ်ပြိုင်မှုအတွက် မိမိတို့ဘက်မှ စားသုံးသူများအား အသက်သာဆုံး ဈေးနှုန်းဖြစ်အောင်ဆောင်ရွက်ကြရန်နှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က သား/ငါး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမရှိစေရန် သား/ငါး ရောင်းချလျှက်ရှိသော ဈေးဆိုင်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)