(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပ

Powered by Drupal

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို နေပြည်တော်ရှိ တပေါင်းကွင်းတွင် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၀ ) ရက်နေ့မှ ( ၁၆ ) ရက်နေ့ထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ ၊ ဒေသ ထွက်ကုန်များ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဒေသထွက်ကုန်များ ဖြစ်သော အရာတော် သနပ်ခါး၊ Chin Hill Soote စပျစ်ဝိုင်၊ Snow white ချင်းရိုးရာအထည်၊ ပွဲတော်အုပ် လက်ဖက်နှင့် အကြော်စုံ၊ ကလေးမြို့ဒေသထွက် နေခြည်လင်း နေကြာဆီ များကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဒေသထွက် MSMEလုပ်ငန်းများ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်အမယ်သစ်များ ပြည်တွင်းတွင် ပိုမိုသုံးစွဲနိုင်ရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေး၊ ဒေသအလိုက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အားပေးမြှင့်တင်နိုင်ရေး၊ MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)