တိုက်ကြီးမြို့နယ်၊ အ.မ.က(မူလွန်)၊ လိမ္မော်ခြံကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

၁၈.၂.၂၀၂၅ ရက်နေ့ နံနက် (၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံနှင့်ဝန်ထမ်းတို့သည် တိုက်ကြီးမြို့နယ်၊ အခြေခံ ပညာမူလတန်း(လွန်)၊ လိမ္မောခြံကျောင်းတွင် ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၀)ဦး စုစုပေါင်း (၇၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော မြန်မာဘာသာ ဖြင့် ဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများ နစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ Call Center 1535 သို့ တိုင်ကြား၍ စားသုံးသူကာကွယ်ရေးကိစ္စရပ် များနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)