Mirror Hair Mask အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး တို့သည် ၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၄၅)အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၅၂)၊ ဦးဘဖေ လမ်း၊ တောင်သူကုန်းရပ်ကွက်ရှိ Mirror Hair Mask အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်အား နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အလှ ကုန်ပစ္စည်းများ အွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်း ရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းများ၊ ကိုက်ညီမှုရှိ/မရှိနှင့် မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများ ကို လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)