Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ Lady Boss Gold & Jewelry ဆိုင် ၊ လမ်းမတော် မြို့နယ်ရှိ ဂရေ့စ်နှင်းပါတိတ်ဆိုင်၊ ဗဟန်းမြို့နယ်ရှိ တောက်ပသောမီးပွင့်လေး ကလေးအဝတ် အထည်အသုံးအဆောင်ဆိုင်နှင့် ဒဂုံမြို့နယ်ရှိ မီ အဝတ်အထည်ဆိုင်သို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာ ပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)