
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ အောင်ပွင့်သစ် ဒစ်ဂျစ်တယ်ပရင်းတင်းဆိုင်နှင့် Wai Yan Gold Land & Jewelry ဆိုင်သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)