ကန့်ဘလူမြို့၊ မြို့မဈေးရှိကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁၄:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာ ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်တာဝန်ခံကပူးပေါင်းအဖွဲ့ဖြင့် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ တရားမဝင်တင်သွင်းလာသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)