
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်း များကို စားသုံးသူနယ်ပယ်အသီးသီးသို့ ဟောပြောဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျှက်ရှိ ရာတွင် တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား/သူများသို့လည်း စားသုံးသူအသိပညာပေး ခြင်းများ ကိုအခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၀-၂-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မဟာအောင်မြေ မြို့နယ်ရှိ မန္တလေးတက္ကသိုလ် ၊ အင်းဝ(၉)ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မန္တလေးတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်မာရီ က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဦးရဲလင်းထက် ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူသဲနွယ်က တက္ကသိုလ် ကျောင်းသား/ သူ များသိသင့်သည့် စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများနှင့် ပတ်သက်ပြီး စားသုံးသူ များ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များကို အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား/ သူများက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး၊ ဦးရဲလင်းထက်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်းတက်ရောက်၍ သတင်းမှတ်တမ်း ရိုက်ကူးခဲ့ကြပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ မန္တလေးတက္တသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းသား/သူ (၃၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။
DOCA(မန္တလေး)