
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးဌာနတို့နှင့်ပူးပေါင်းကာ တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်ရှိ yellow surprise သောက်ရေသန့်နှင့် လွယ်တော်ခမ်းကျေးရွာရှိ စန်းရေသောက်ရေသန့်လုပ်ငန်းတို့အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် yellow surpriseသောက်ရေသန့်နှင့် စန်းရေသောက်ရေသန့် တို့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်း ရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု အဆင့်တိုင်း စနစ်တကျထုတ်လုပ်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း များဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)