စားသုံးသူကာကွယ်ရေးနှင့်ယှဉ်ပြိုင်မှုဥပဒေများဆိုင်ရာ အသိပညာပေးအခမ်းအနားပြုလုပ်ကျင်းပ

Powered by Drupal

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSS CCI) ခန်းမတွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေများဆိုင်ရာအသိပညာပေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အ မှာစကား ပြောကြားခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဒေါ်အိရွှေစင် (လက်ထောက်ညွှန်ကြားရေးမှူး) က ယှဉ်ပြိုင်မှုဥပဒေအကြောင်းကိုလည်းကောင်း၊ယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်ကယှဉ်ပြိုင်မှုဥပဒေ၏ အကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများ အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနပြည်နယ်ဦးစီးမှူးဦးရွှေဖြူက စားသုံးသူ ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်းတို့ကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှလည်း ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြပါသည်။

          ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ် ရေးဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များနှင့် မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်း  ဖြန့်ဝေခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်းအင်အား(၁၀၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

DOCA(ရှမ်း)