နှမ်းသီးနှံစိုက်ပျိုးနည်းစနစ်

Powered by Drupal

          နှမ်းသီးနှံတစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် နှမ်းသီးနှံစိုက်ပျိုးနည်းများအတိုင်း စိုက်ပျိုးဆောင်ရွက်ရမည်။ နှမ်းသီးနှံကို တစ်ပင်တိုင်မျိုးများနှင့် ကိုင်းဖြာမျိုးများအတွက် တန်းကြား၊ ပင်ကြား (၁၂-၁၅လက်မ)_(၄)လက်မခြားထားပါက ပေါင်းနှိမ်နင်း ရန်အတွက်လွယ်ကူပါသည်။ တစ်ဧကမျိုးစေ့(၂)ပြည်နှုန်းနှင့် အသင့်တော်ဆုံးအပင်ဦးရေမှာ(၁)သိန်း ခန့်ရှိရန်လိုအပ်သည်။

          အထွက်နှုန်းကောင်းမွန်ရန်အတွက် မြေဆီလွှာကောင်း၊ သင့်၊ ညံ့ပေါ်မူတည်၍ စိုက်ပျိုးရာသီ တစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို အချိုးညီအချိန်ကိုက်ကျွေးသင့်ပါသည်။ နှမ်းသီးနှံတွင် နှမ်းဖိုရောဂါ၊ နှမ်းပင်ညှိုးရောဂါ၊ အမြစ်နှင့်ပင်စည်ပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ ဖျက်ပိုးအနေဖြင့် ရွက်လိပ်ပိုး၊ နှမ်းတောင့်တဲ၊ ဖြုတ်ညို၊ နှမ်းဖလံနှင့် နှမ်းစေ့စုပ်ဂျပိုးများ ကျရောက်တတ်ပါသည်။

DOCA(ရှမ်း)