ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချနေသော ငရုပ်သီးစိမ်း ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို  လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။

           ငရုပ်သီးစိမ်းများထဲမှ မိုးထော်ငရုပ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက် ရှိပါသည်။      ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၅၀၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မစည်ပင် သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)