
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။
ငရုပ်သီးစိမ်းများထဲမှ မိုးထော်ငရုပ် ကျောက်စိမ်းသီးနှင့် ကုလားအော်သီး တို့ကိုရောင်းချလျက် ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင် (၁၅၀၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင် သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)