Main menu

  သာယာဝတီခရိုင်အတွင်းမိုးစပါး(ကောက်စော)စတင်ထွက်ပေါ်

Powered by Drupal

                   ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါး(သစ်)များ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့မှစ၍ စပါးအမျိုးအစားအလိုက် စတင်ထွက်ပေါ်လာရာ သာယာ ဝတီမြို့နယ်တွင် ရတနာတိုး၊ဗီယက်နမ်၊ရက်၉၀စပါး စိုက်ဧက ၁၀၃၇၁၇ ဧက လျာထား စိုက်ပျိုးခဲ့ရာ ရိတ်သိမ်းပြီးစီးသည့် ဧကမှာ (၁၄၅၂) ဧကဖြစ်ပြီး အစိုဓာတ် ၂၅%-၃၀% ရှိသည့် စပါးတင်း ၁၄၄၇၅၀ တင်း၊ လက်ပံတန်းမြို့နယ်တွင် ဗီယက်နမ်၊ ဧည့်မထအသွယ်စပါး စိုက်ဧက ၁၀၁၈၃၈ ဧက ရိတ်သိမ်းပြီးစီးသည့် ဧက ၅၂၂ ဧက၊အစိုဓာတ် ၂၅%-၃၀% ရှိသည့် စပါးတင်း ၅၂၁၂၂ တင်း၊ မင်းလှမြို့နယ်တွင် G 7 ၊ ဆားဖိုးသာ၊ ဗီယက်နမ်၊ဆင်းသုခ အမျိုးအစားစိုက်ဧက ၇၆၁၄၁ ဧက၊ ရိတ်သိမ်းပြီးစီးသည့် ဧက ၂၁၂၁ဧက၊အစိုဓာတ် ၂၅%-၃၀% ရှိသည့် စပါးတင်း ၂၀၈၈၄၃ တင်း၊ အုတ်ဖို မြို့နယ်တွင် ဆင်းသုခ၊ကရင်မအမျိုးအစား စိုက်ဧက ၁၀၀၃၇၄ ဧက၊ ရိတ်သိမ်းပြီးစီးသည့် ဧက ၄၈၉၆ ဧက၊ အစိုဓာတ် ၂၀%-၂၅% ရှိသည့် စပါးတင်း ၄၈၇၆၉၁ တင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ရက် ၉၀၊ ဗီယက်နမ်၊ ဆင်းသုခ၊G 7၊နှံကောက်အမျိုးအစား စိုက်ဧက ၈၆၈၂၅ ဧက၊ ရိတ်သိမ်းပြီးစီးသည့် ဧက ၂၅၉ ဧက၊ အစိုဓာတ် ၂၀%-၂၅% ရှိသည့် စပါးတင်း ၂၅၂၅၃ တင်း၊ စုစုပေါင်း ၅၁၇၇၅၅ ဧက လျာထား စိုက်ပျိုး လျက် ၁၅.၉.၂၀၂၆ ရက်နေ့ထိ ရိတ်သိမ်းပြီးစီးသည့် ဧကမှာ ၉၂၅၀ ဧကရှိပြီး ထွက်ရှိစပါးတင်း စုစုပေါင်း အမျိုးအစားအလိုက် ၉၁၈၆၅၉ တင်းထွက်ရှိနေပြီလို့ ခရိုင်စိုက်ပျိုးရေးစာရင်းများအရ သိရှိရပါသည်။

DOCA(ပဲခူး)