
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ မြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၉.၂.၂၀၂၅)ရက်နေ့ ညနေ(၄:၀၀)အချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 8I-8606) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၀)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ပါသည်။
အဆိုပါစားအုန်းဆီများကို လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)