မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk ပြုလုပ်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများ မြို့နယ်တာဝန်ခံများသည် (၂၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်ပြီး Thursday Talk ကိုပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ ဦးစွာ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ အဆင့်ဆင့်ပြောင်းလဲလာပုံကိုရှင်းပြပြီး၊ စားသုံးသူအခွင့်အရေးများကိုလည်း ဖတ်ကြားရှင်းပြခဲ့ပါသည်။ ဆက်လက်၍ စားအုန်းဆီဈေးနှုန်းနှင့် ပတ်သတ်၍ပြောကြားပြီး ဆီကိုယ်စားလှယ်အသစ်တိုးလာလျှင် လုပ်ဆောင်ရမည်များကိုလည်း မြို့နယ် တာဝန်ခံများသို့ အသေးစိတ်ရှင်းပြခဲ့ပါသည်။ လက်ရှိ ရှိနေသော စားအုန်းဆီဖြန့်ဖြူးသည့် ဆီကုမ္ပဏီကြီး များမှလည်း အသစ်ထပ်မံတိုးရန်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးမှ  လည်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွနွေးလျက် CICC တိုင်ကြားမှုနှင့်ပတ်သက်၍ ရှင်းပြပြီး မြို့နယ်များကလည်းလိုက်ပါလုပ်ဆောင်နိုင်ရန် ပြောကြားခဲ့ပါသည်။ စားသုံးသူဆုံးရှုံးနစ်နာမှုနှင့် ပတ်သက်၍လည်းအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ပြီးနောက် ခရိုင်ဦးစီးမှူးမှ အငယ်တန်းစာရေး များအား အတွေ့အကြုံရစေရန်အတွက် တစ်ဦး တစ်ယောက်ခြင်းစီ ပြောကြားစေခဲ့လျက် စည်းဝေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)