မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၁၉.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးပွဲတွင် နေပြည်တော်ပြခန်း၌ ဆုရရှိသူများအား ဆုးပေးအပ်ခြင်းနှင့် ပြည်ထောင်စု နေ့တွင်ကျင်းပသော ပုသိမ်ပြခန်းတွင်လည်း ဆုရရှိသူများအား ဆုများပေးအပ်ခြင်းများနှင့်  “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မိမိရုံးဌာန အဆောက်အဦး သန့်ရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ လိုအပ်သည်များကိုလည်း အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)