
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးတင်ကိုသည် ကျောင်းကုန်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်(၃၄)ဦးအား (၂၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးတင်ကိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်း နှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါ သည်။
DOCA(ဧရာဝတီ)