ပင်စင်စား(အငြိမ်စား)ဝန်ထမ်းများအား စားအုန်းဆီရောင်းချပေးခြင်း

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည် တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဥ် ထုတ်ပြန်ပေး လျက်ရှိပါသည်။

အဆိုပါ ရည်ညွှန်းဈေးထုတ်ပြန်ချက်အပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ သက်ဆိုင်ရာဒေသအရောက် စားအုန်းဆီ တစ်ပိဿာဈေးနှုန်းများနှင့် အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ပို့ဆောင်သည့်ဈေးနှုန်းများအပြင် နိုင်ငံဝန်ထမ်း ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများကိုလည်း သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးချက်ရှိရာ (၂၁-၂-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် တာမွေ မြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်တွင် ပင်စင်စားဝန်ထမ်းများအတွက် စားအုန်းဆီ တစ်ပိဿာ ၈၀၀၀ ကျပ်(ဘူးအပါအဝင်) ဖြင့်တစ်ဦးလျှင် တသစ်ပိဿာနှုန်းဖြင့်ရောင်းချပေးနေသည်ကို အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ သွားရောက်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)