ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းဖြင့် အဝတ်အထည်များရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ အသိပညာပေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များ အနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန်အခြေခံလိုအပ်ချက် များအပါအဝင် အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိအဝတ်အထည်များရောင်းချသည့် လုပ်ငန်းရှင်များထံသို့သွားရောက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဒုတိယခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်း မှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ အွန်လိုင်းမှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော  လုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများ စသည့်ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချ နေမှုအပေါ်မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားရန်အခြေခံလိုအပ်ချက်များအပါအဝင် အခြား သိကောင်းစရာများနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)