ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်များထံသို့ သွားရောက်အသိပညာပေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ထုတ်လုပ်လျှက်ရှိသော အာလူးကြော်၊ နံကထိုင်၊ ဆီကြော်မရွေး၊ မြေပဲဆီလုပ်ငန်းရှင် များထံသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက် ခြင်းဖြင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဒုတိယခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းကိုလည်းကောင်း၊ စားသုံးဌာနခွဲတာဝန်ခံမှ  လုပ်ငန်းရှင်များအား  မိမိတို့ ထုတ်လုပ်သော စားသောက်ကုန်များတွင် သက်ဆိုင်ရာအစိုးရဌာနများမှ တားမြစ်ထားသော ဓါတုဆိုး ဆေးများ၊ တာရှည်ခံဆေးများ၊ အသုံးမပြုရန်နှင့် လိုအပ်သောပမာဏကိုသာ ထည့်သွင်းအသုံးပြုစေ လိုကြောင်း၊ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုစေလိုကြောင်း၊ မြေပဲတွင် အာဖလာတောက်ဆင်မှိုဆိပ်ပါနိုင်၍ အထူးသတိပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှုသည် အလွန်အရေး ကြီးသောကြောင့် လိုက်နာရန်လိုအပ်ကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)