ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၂၀၀)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း၊ ရွှေလင်ပန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ Top Cashew Nut သီဟိုဠ်စေ့စက်ရုံသို့ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးလင်းလင်းဦးမှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော Top အမှတ်တံဆိပ် သီဟိုဠ်စေ့များမှာ သီဟိုဠ်စေ့အခွံမပါ၊ သီဟိုဠ်စေ့အခွံပါ၊ သီဟိုဠ်စေ့ဆားလှော်၊ သီဟိုဠ်စေ့ ဆားလှော်အခွံမပါ၊ သီဟိုဠ်စေ့ ဆံယိုအုန်းထန်းလျက်၊ သီဟိုဠ်စေ့ နှမ်းထန်းလျက်တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင့်၏တာဝန်များ ကို ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)