
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် လိုအပ်သောဆန်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မှာယူတင်သွင်းလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်း မြို့နယ်မှ သယ်ဆောင်လာသော ဆန်တန် ၈၀၀၊ အိတ်ရေ ၁၆၀၀၀ တို့သည် MV ဓနရွှေလမင်းရေယာဉ်နှင့် Mv ရွှေလမင်း(၅)ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)