
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၅.၂.၂၀၂၅)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၇.၁၂၂၀၂၅)ရက်နေ့တွင် အာလူးကြော်လုပ်ငန်းရှင်၊ (၁၃.၂.၂၀၂၅)ရက်နေ့တွင် ပဲပွဲစားများကထိန်တော်အသင်း(ဉက္ကဌ)၊ (၁၇.၁၂၂၀၂၅)ရက်နေ့တွင် မြင့်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်း ရှင်တို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး ဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက် များကို ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရ ရှိ ပါသည်။
DOCA(စစ်ကိုင်း)