
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်အနေဖြင့် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များအား ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရေး ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ (၂၀.၂.၂၀၂၅) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် သစ်သီးယိုမျိုးစုံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအသားများဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်အား အစားအသောက်များ သန့်ရှင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ တားမြစ်ဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေး သတိပြုဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)