
တွံတေးမြို့နယ် ၊ ဖေဖော်ဝါရီလ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိသော ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တွံတေးမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဉာဏ်လင်းထက်တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ကစာ္ဆသယ ဆေးဆိုင်(၁)၊ အုန်းပင်စုရပ်ကွက်နှင့် ကစာ္ဆသယဆေးဆိုင်(၂)၊ မင်းပိုင်းရပ်ကွက်တို့ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ လေဆေး (ကလေး)၊ အာရုံကြောဆေး၊ အားဆေး စသည့် လူသုံးများသော ဆေးဝါးများ၏ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေ၊ ဆေးဝါးထားသိုမှုနှင့် ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ စံညွှန်းမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ၊ စားသုံးသူ များဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)