သရက်မြို့ဒေသန္တရဖွံ့ဖြိုးရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေး အတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန် ဆွေးနွေးပြောကြားခြင်း၊  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ အန္တရာယ်ကင်းသော အစားအစာများ ဖြစ်ပေါ် စေရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်(၅)ချက်အား ရှင်းလင်းပြောကြားပြီး ကျန်းမာရေး နှင့်ညီညွတ်သော အစားအစာများကိုသာ စားသုံးရန်ပြောကြားခြင်းနှင့် အသီးအနှံ၊ အသားငါး ရောင်းချသည့်ဆိုင်များတွင် ပလတ်စတစ်အိတ်အစား အင်ဖက်များကိုသာအသုံးပြုစေရန် ပြောကြား ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)